မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင်မြင်စေရန် ဦးတည်ကြိုးပမ်း

 

နေပြည်တော်   နိုဝင်ဘာ   ၁၆

 (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး  ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်  အမှာစကား ပြောကြားသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ  ကျင်းပရေးဦးစီး ကော်မတီဝင်များ၊  လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဦးစီးကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ် အကြိမ် (၂၀)မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ  ကျင်းပပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ရပ်နားခဲ့ရသည့် ညီလာခံကြီးအား  ယခု (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သည့် ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင်  ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်လျက် နှီးနွှယ်ဝန်ကြီးဌာနများဖြင့်  ၂၀၀၀  ပြည့်နှစ်မှစ၍  နှစ်စဉ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အစဉ်အလာများအတိုင်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ကြောင်း။

 

မြန်မာ့ တိုင်းရင်းဆေးသမားတော် များ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် မြန်မာ့တိုင်းရင်းဆေး လောက  ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိ စေရန်၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ အရည်အချင်းနှင့်  ကျင့်ဝတ်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊  မြန်မာ့တိုင်းရင်း ဆေးပညာနှင့်  တိုင်းရင်းဆေးဝါး ထုတ်လုပ်မှု နည်းပညာများ ပိုမိုဖွံ့ဖြိုး တိုးတက်ရန်၊ ပြည်တွင်းပြည်ပရှိ ဆက်စပ် နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်းပူးပေါင်းကူညီ  ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

ရည်ရွယ်ချက်များ

 

အလားတူ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများဖြင့်  ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့်ပေးရန်၊  အန္တရာယ်ကင်းရှင်း၍ အရည် အသွေးမြင့်မားသည့် အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာ စေရေးအတွက် တိုင်းရင်းဆေးသုတေ သနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံ တိုင်းရင်းဆေးဆရာ များနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်း။

 

ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူများအနေဖြင့် တိုင်းရင်းဆေးကုထုံးများကို လက်မလွှတ်ဘဲ အားကိုးအာထားပြု၍ သုံးစွဲကုသနေကြ ဆဲဖြစ်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေ ရသော ကိုဗစ်-၁၉ ကပ်ရောဂါကို တိုင်းရင်းဆေးဝါးများဖြင့် ကာကွယ်ကုသ နိုင်ရန် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ရောဂါ အပါအဝင် ၎င်းနှင့်အလားတူ ရာသီ တုပ်ကွေးရောဂါများ ကုသနိုင်ရေး “ဝိသမ” အဖျားပျောက်ဆေးကို လူနာများတွင် အန္တရာယ်ကင်းရှင်းစွာအသုံးပြု နိုင်ရန် သုတေသနအဆင့်ဆင့် ဆောင်ရွက် လျက်ရှိရာ ယခုအခါ စမ်းသပ်မှု နောက်ဆုံးအဆင့် ပြီးစီးအောင်မြင်နေပြီ ဟုလည်း သိရပါကြောင်း၊ မြန်မာ့ တိုင်းရင်းဆေး သမားတော်များသည် ခေတ်အဆက်ဆက် တိုင်းရင်းဆေးဝါးများ ကိုအသုံးပြု၍ ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြောင်း။

 

ကြိုးပမ်းဆောင်ရွက်

 

မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ် ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ယခုကျင်းပမည့် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများ၌ ကြိုးပမ်းဆောင်ရွက်နိုင်ရန် စီစဉ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 

မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးကို နိုင်ငံတော်က အထူးအားပေး ဆောင်ရွက်နေသည့်အတွက်  မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အနေဖြင့် တိုင်းရင်းဆေးပညာရှင်များ၏ ဆေးပညာကျင့်ဝတ် ထိန်းသိမ်းခြင်းများကို ဤညီလာခံများမှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက် ပေးကြစေလိုကြောင်း။

 

ယခုကဲ့သို့သော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပြီး မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင်မြင်စေရန် ဦးတည် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဆက်စပ်သော ဝန်ကြီးဌာနများမှ ပညာရှင် ကိုယ်စားလှယ်များ၊ ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်ကြီးများ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

 

မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ် ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ MSME လုပ်ငန်းများတွင်လည်း တစ်စိတ် တစ်ပိုင်းပါဝင်သဖြင့် နိုင်ငံတော်၏ GDP တိုးတက် မြင့်မားစေရန် တစ်တပ်တစ်အား အထောက်အကူပြုနေကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

 

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအနေဖြင့် သက်ဆိုင်ရာ အခန်းကဏ္ဍများမှ အင်တိုက်အားတိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း နှင့် နှီးနှောဖလှယ်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ စုစုဒွေးတို့က နှီးနှောဖလှယ်ပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီအလိုက် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ညီလာခံ များနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယခုနှစ် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွား မည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 

ပေါင်းစပ်ညှိနှိုင်းပေး

 

ထို့နောက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက (၂၁) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဝန်ကြီးဌာနများအလိုက် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများ လစ်ဟာမှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပမည့်ကာလသည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်နေသည့်ကာလ ဖြစ်သည့်အတွက် ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲကြီးကိုလည်း ယခင်နှစ်များထက် ပိုမိုခမ်းနားစွာ ကျင်းပဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်