ရန်ကုန် ၁၄ ဩဂုတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ၌ ပြောကြားသည့်မိန့်ခွန်းတွင် ပါဝင်သော လွန်ခဲ့သည့် အနှစ် (၆၀) ကျော်က ကင်းထောက်ကြီးတစ်ဦး ရေးသားစပ်ဆိုသည့် ကင်းထောက်သီချင်း စာသားကို ယခုအခါ ကင်းထောက်ကြီး အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေက သံစဉ်သွင်း၍ “မြင့်မြတ်နှလုံးသား ပိုင်ရှင်များ” အမည်ဖြင့် ကင်းထောက်ဂုဏ်ပြု တေးသီချင်းအဖြစ် ဩဂုတ် (၁၃)ရက်က ရန်ကုန်မြို့ မြန်မာ့ရုပ်မြင်သံကြား စတူဒီယို (A)တွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။ 

 

200

 

မွန်မြတ်သော ကင်းထောက်လုပ်ငန်းများကို ဖော်ကျူးရေးသားထားသည့် “မြင့်မြတ်နှလုံးသား ပိုင်ရှင်များ” ကင်းထောက် ဂုဏ်ပြုတေးသီချင်းကို ဩဂုတ် (၉)ရက်က ရန်ကုန်မြို့ မေ စတူဒီယိုတွင် ဂီတမှူး မောင်လှအေး၏ တေးဂီတအဖွဲ့နှင့် ရွှေတံဆိပ်ဆုရှင်များ ဖြစ်ကြသည့် ခင်ပိုးပန်းချီ၊ မေချစ်သက်၊ ရှင်းသန့်ဇင်၊ ရွှေဖူးသွယ်၊ အိသက်ထားမွန်တို့နှင့် သီဆိုအသံသွင်းခဲ့ပြီး ယင်းတေးသီချင်းကို ဩဂုတ် (၁၃)ရက်က ရန်ကုန်မြို့ မြန်မာ့ရုပ်မြင်သံကြား စတူဒီယို (A)တွင် အထက(၁) ဒဂုံ၊ အထက(၂)လသာ၊ အထကက(၂) စမ်းချောင်း၊ အထက(၂) ကမာရွတ်တို့မှ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့ အမျိုးသမီး ကင်းထောက်ငယ် (Blue Bird)အဖွဲ့ဝင် (၂၀)ဦးတို့ကို မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသရန် သရုပ်ဖော်သီဆိုရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်