ထားဝယ် ၁၀ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကျင်းပပြုလုပ်သော မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ Diamond Crown ဟိုတယ်၌ ကျင်းပလျက်ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သိရသည်။

 

63

 

တွေ့ဆုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တနင်္သာရီတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးတင်အောင်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

 

5820

 

ထို့နောက် သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က မဏ္ဍိုင်လေးရပ် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲ ပထမပိုင်းကို ခဏရပ်နားခဲ့သည်။

 

အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

MDN

 

2222