ရန်ကုန် ၁၄ ဇွန်


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ကျင်းပပြုလုပ်သည့် မဏ္ဍိုင်(၄)ရပ် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရား လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ Pullman Hotel ၌ ကျင်းပသည်။


မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။


ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်)က အမှာစကားပြောကြားရာတွင် ’’လွတ်လပ်သည့် မီဒီယာဆိုသည်မှာ ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ကို ယနေ့ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံ အားလုံးက လက်ခံထားကြပြီဖြစ်ကြောင်း။

 

1


စတုတ္ထမဏ္ဍိုင်ခေါ်သည့် မီဒီယာများအနေဖြင့် နိုင်ငံတော်တွင်ရှိသည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အဓိကမဏ္ဍိုင်ကြီး သုံးရပ် တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်းကျောင်းပေးရသည့်တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်ပေးကြရကြောင်း။


သတင်းမီဒီယာအားလုံးသည် ပြည်သူများအတွက် သိသင့်သိအပ်သည့် သတင်း အချက်အလက်များအပြင် မဲဆန္ဒရှင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်ကြ သည့် ၎င်းတို့၏ ကိုယ်စားလှယ်  လွှတ်တော်အမတ်များနှင့် အစိုးရအဖွဲ့များက ၎င်းတို့ ပြည်သူများအတွက် အကျိုးပြု ကောင်းကျိုးဆောင် တိုင်းကျိုးပြည်ပြု သတင်းအချက် အလက်များကိုပါ အသိပေးဖော်ပြကြရသည့် တာဝန်များကိုပါ အချိန်နှင့်အမျှ ဖော်ဆောင်ပေးကြရကြောင်း။


ယခုကဲ့သို့ ပြည်သူများသိလိုကြသည့် သိသင့်သိအပ်သည့် သတင်းအချက် အလက်များကို သတင်းမီဒီယာသမားများ တင်ပြကြသည့်နေရာတွင် နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်နှင့် မကြာခဏ ထိရှပွတ်တိုက်မှုများ ဖြစ်ပေါ်ကြရကြောင်း။


ယနေ့ခေတ် နိုင်ငံတော်၏တာဝန်ကို ရယူပြီး အကျိုးပြုဖော်ဆောင်နေကြသည့် အဓိကမဏ္ဍိင်ကြီး သုံးရပ်နှင့် သတင်းမီဒီယာသမားများ ထိရှပွတ်တိုက်မှုများ လျော့ပါး ကြရန်၊ အားနည်းမှေးမှိန် ပျောက်ကွယ်သွားရန်  ယနေ့ကျင်းပသည့် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲက အကောင်းဆုံးအဖြေရှာ ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု ပြောကြား လိုပါကြောင်း။


သတင်းမီဒီယာသမား၊ သတင်းထောက်များသည် သတင်းများကို ရေးသားဖော် ဆောင်သည့်နေရာတွင် စည်းနှင့်ကမ်းနှင့် တိတိကျကျ၊ မှန်မှန်ကန် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရေးသားဖော်ပြကြရန် တိကျစွာလိုက်နာကြရမည့် တာဝန်နှင့်ကျင့်ဝတ် များ၊ ဥပဒေစည်းမျဉ်း စည်းကမ်းများကို တိတိကျကျ ခိုင်ခိုင်မာမာ နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းပေးထားပါကြောင်း၊ ထို့အပြင် ထိန်းကျောင်း ကြပ်မတ်ပေးရန်အတွက် လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို နိုင်ငံတော်က ဥပဒေအရ ခန့်အပ်ဖွဲ့စည်း ခဲ့ပါကြောင်း။


သတင်းမီဒီယာသမားများ သတင်းအချက်အလက်တောင်းယူကြရာတွင် အဆင် မပြေရှိကြသည့်အတွက် သတင်းအမှားများ၊ မတိကျမခိုင်မာသည့်သတင်းများ၊ မပြည့်စုံ သည့် သတင်းများ ဖော်ပြကြရာမှ ပြဿနာများ စတင်ဖြစ်ကြရကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် ကြားဝင်ဖြန်ဖြေစေ့စပ်ညှိနှိုင်း ပေးခဲ့ရကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အဓိကမဏ္ဍိုင်ကြီးသုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့သည် ယခုကဲ့သို့ အချင်းချင်း ဒီမိုကရေစီ အနှစ်သာရပြည့်ဝစွာ တွေ့ဆုံညှိနှိုင်းကြပြီး မဏ္ဍိုင်လေးရပ် အကြား ရှိနေသည့် အခက်အခဲ စိန်ခေါ်မှုများကို အကြေအလည် ဖြေရှင်းဆောင်ရွက် ရန်အတွက် ယနေ့မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း” ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက’’ သတင်းမီဒီယာ ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်ခု၏ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတစ်ခု၏ တိုးတက်မှု၊ နိုင်ငံ တစ်ခု၏ အရှည်တည်တန့်ခိုင်မြဲပြီး အချုပ်အခြာအာဏာအထိ အရေးကြီးသည့် အခန်း ကဏ္ဍတွင် ရှိနေပါကြောင်း၊ သို့ပါ၍ မဏ္ဍိုင်ကြီးသုံးရပ်ရှိနေရာမှ စတုတ္ထမဏ္ဍိုင်အဖြစ် သတင်း မီဒီယာကိုထည့်သွင်းပြီး ဆောင်ရွက်လာကြသည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဆောင်ရွက်နေသည့်ကဏ္ဍများတွင် လူထုနှင့် ဆက်သွယ် နိုင်ရန်အတွက် သတင်းမီဒီယာလိုအပ်ပါကြောင်း ’’ ပြောကြားသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေးတို့က အမှာစကားပြောကြားကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ မျိုးသန့်တင်က သတင်းမီဒီယာကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေး နွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။


မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ ဆွေးနွေးကြ ရာတွင် သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်၊ သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ 


ဆွေးနွေးပွဲတွင် သတင်းထောက်များ တွေ့ကြုံနေရသည့် သတင်းရယူခွင့်ဆိုင်ရာ အခက်အခဲများ၊ အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ လွှတ်တော်တွင်းသတင်းရ ယူခွင့်ဆိုင်ရာများ၊ တရားရုံးများတွင် သတင်းရယူခွင့်ဆိုင်ရာများ၊ အစိုးရဌာနများတွင် Contact Person များထားရှိနိုင်ရေး၊ မီဒီယာတွေ့ဆုံမှုများ ပြုလုပ်ပေးနိုင်ရေး၊ ကျန်းမာ ရေးနှင့်သက်ဆိုင်သည့် သတင်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေး နိုင်ရေးစသည်တို့ကို တာဝန်ရှိသူများနှင့်အပြန်အလှန် ဆွေးနွေးကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်နိုင်(ထက်မြက်)က နိဂုံးချုပ်စကား ပြောကြားသည်။


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မဏ္ဍိုင် (၄)ရပ် တွေ့ဆုံဆွေးနွေးပွဲများ ကို နေပြည်တော်တွင် (၃)ကြိမ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၉)ခုတွင် ၉ ကြိမ် ကျင်းပ ခဲ့ပြီး ယခုကျင်းပသည့် ဆွေးနွေးပွဲသည် ၁၃ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်းသိရ သည်။


(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရဲထွဋ်)