ဖလမ်း ၂  မေ 

ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်တွင် အင်္ဂလိပ်စကားပြောသင်တန်းတက်ရောက်နေသော သင်တန်းသား သင်တန်းသူများသည် ဗါးရ်ကျေးရွာအနီးရှိ မဏိပူရမြစ်တွင် ပျော်ပွဲစားထွက် ရေဆင်းချိုးရာမှ သင်တန်းသား(၃)ဦး ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖလမ်းမြို့ ဗလိုင်ရပ်ကွက်တွင် ဖွင့်လှစ်သော Modern English for Chin New Generation(MECNG)တွင် အင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူ ၂၉ ဦးတို့သည် သင်တန်းဆရာ ဦးလာလ်ဟရွတ် ဦးဆောင်ပြီး မဏိပူရ်မြစ်သို့ မေ ၁ ရက် နံနက် ၉ နာရီက ဖလမ်းမြို့မှ မော်တော်ယာဉ်ဖြင့် ပျော်ပွဲစားထွက်ခဲ့ရာ မဏိပူရ်မြစ်တွင် နံနက် ၁၁ နာရီခွဲခန့်က ရေဆင်းချိုးသူများအနက် ဦးဆန်ပြောင်၏သား မောင်နိုင်လျန်ဆန်း အသက်(၉)နှစ်၊ ဦးအုပ်ဟရဲ၏သား မောင်ဂျိုအဲလ်ငွန်လှယ်ထန်း အသက်(၁၂)နှစ်၊ ဦးရွာကျဲအို၏သား မောင်လာလ်ထကိမ်း အသက်(၁၀)နှစ်တို့သည် ရေစီးဖြင့်မျောပါနှစ်မြုပ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနှစ်မြုပ် သေဆုံးသူများအား ဖလမ်းမြို့ မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ငွေစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ဖလမ်းခရိုင်မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အနီးနားရှိ ကျေးရွာများမှ ပြည်သူများက ဝိုင်းဝန်း ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး အလောင်းများကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ဂျွန်