နေပြည်တော် နိုဝင်ဘာ ၁
(၃၄) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၊ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြကြောင်း သိရသည်။
ထိုသို့ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် စုပေါင်းသွေးလှူဒါန်းကြသည့် ဝန်ထမ်းများအတွက် အားဆေးများ၊ ကြက်ဥနှင့် အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ် ပြီး ပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ဌာန၌ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မော်လမြိုင်မြို့ ကြာအင်းကျေးရွာ၊ ဗညားဒလ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံညီစံညွှန်းများနှင့်အညီ အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ကျပ် (၃၉၄) သန်းဖြင့် ဆောင်ရွက်သည့် အငှားအိမ်ရာ စီမံကိန်း (၄) ခန်းတွဲ (၄) ထပ် အဆောက်အဦ တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်