မော်လမြိုင် ဇူလိုင် ၂၄

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီခွဲက မော်လမြိုင်တက္ကသိုလ်ရှိ (၁၀) မြို့နယ်ဆောင်သို့ ​သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကူညီ​ဆောင်ရွက်​ပေး​သည့်   ပရဟိတ လူမှုကူညီကယ်ဆယ်​ရေး အဖွဲ့များနှင့်  တွေ့ဆုံကာ   အား​ပေးစကား​ပြောကြား၍  အဆိုပါအဖွဲ့များအတွက် PPE ဝတ်စုံများအပါအဝင် ​ထောက်ပံ့​ရေးပစ္စည်း ကြက်ဥ၊ ​ခေါက်ဆွဲ​​ခြောက် စသည်တို့ကို ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မော်လမြိုင်မြို့၊ ပန္နဲကုန်းသုဿန်၌ ကူညီဆောင်ရွက်​ပေး​နေကြသည့် ပရဟိတ နာ​ရေးကူညီမှု အသင်းများကိုလည်းကျေးဇူးတင်စကား​ပြောကြား၍ ထောက်ပံ့​ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ 

 

ယခုအခါ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအတွက်  ပရဟိတ လူမှုကူညီကယ်ဆယ်​ရေး အဖွဲ့များက  ကူညီ​ဆောင်ရွက်​ပေးလျက်ရှိရာ  မော်လမြိုင်မြို့၌လည်း တပ်မ​​တော်​ဆေးဘက်ဆိုင်ရာ သမား​တော်များ၊ ကျန်းမာ​ရေးဦးစီးဌာနမှ ဆရာဝန်များ၊ ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီ​ ဆောင်ရွက်​ပေး​လျက်ရှိပြီး အလားတူ ရာမည လူမှုကူညီ ကယ်ဆယ်​ရေးနှင့် ဆရာဝန်များမှလည်း အခက်အခဲရှိသည့် ပိုးတွေ့လူနာများ၏ နေအိမ်များထံသို့ သွားရောက်၍ ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ ပေး​လျက်ရှိကြောင်းနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း လိုအပ်သည့် ထောက်ပံ့မှုများ အပြည့်အဝ​​​ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)