မော်လမြိုင်၊ ၁၈ မေ

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၁၈ ရက် နံနက် ၁၀ နာရီက မော်လမြိုင်မြို့ သံလွင်တံတား (မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၄) (မော်လမြိုင်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သံလွင်တံတား(မော်လမြိုင်) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၃၉၅)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဖြူဘ - သဲအိမ် - မုတ္တမလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)