မော်လမြိုင်        ဇူလိုင်      ၂၁

မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်   ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်  ကောင်စီဝင်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဇူလိုင် ၂၀ ရက်နေ့က မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင်    ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက     လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများထားရှိနိုင်ရန်  မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများကလည်း မိမိတို့မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့်    အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်ကြရန် ပြောကြားသည်။

မွန်ပြည်နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့လူနာများ   ထားရှိကုသပေးနိုင်ရန်    မော်လမြိုင်မြို့တွင် Isolation Ward-1 နှင့် Isolation Ward-3 အပါအဝင်  မွန်ပြည်နယ်ရှိ အထွေထွေရောဂါကုဆေးရုံများတွင် နေရာစုစုပေါင်း၂၄ နေရာဖြင့် စီစဉ်ဆောင်ရွက်ထားပြီး အောက်ဆီဂျင်လိုအပ်သည့် ပိုးတွေ့လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အောက်ဆီဂျင်များ လုံလောက်စွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)