ကျိုက်မရော ၁၆ ဇူလိုင်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရားကြီးနှင့် စေတီကျောင်းကန်များတွငိ ဝါဆိုသင်္ကန်း ကပ်လှူသူများ၊ ဥပုသ်သီလစောင့်သူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီးအတွင်း၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအား စေတနာရှင် အလှူရှင်များက သတ်သတ်လွတ် ထမင်းဟင်းများ၊ မွန်တိုင်းရင်းသားရိုးရာ အစားအစာ မုန့်ဖက်ထုပ်များကို ဘုရားဖူးလာပြည်သူများနှင့် ဥပုသ်သည်များအား ကျွေးမွေးလှူဒါန်းပေးလျက်ရှိပြီး စပယ်ဂူခရုံဂူဖားဘောင်ဂူများတွင်လည်း အမြို့မြို့အနယ်နယ်မှ ဘုရားဖူးလာရောက်သူလေ့လာလည်ပတ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )


