နေပြည်တော်၊ ဇွန် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) အလေးချိန် ၁,၅၈၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို-မော်လမြိုင်သွား ကားလမ်း၊ မရမ်းချောင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၉၇)အနီးတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ခင်မောင်မြင့်(၂၈)နှစ် မောင်းနှင်ပြီး အောင်ထူး(၂၇)နှစ်နှင့် မသီရိ (ခ) အေးအေးခိုင် (၂၈)နှစ်တို့ လိုက်ပါလာသည့် ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်