နေပြည်တော်၊ အောက်တိုဘာ ၁၆

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံ၌ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-ထားဝယ် သွားအဝေးပြေး မြို့ရှောင်ကားလမ်းတွင် ဟန်ဆွေဦး(ခ)ဘိုဘို(၃၂)နှစ် မောင်းနှင်ပြီး ချစ်ကိုကိုဦး (ခ) မွတ်တား (၂၄)နှစ်တို့ လိုက်ပါလာသည့် CHANA ၆ ဘီး မော်တော်ယာဉ်နှင့်  မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးယာဉ် အဖြစ် အောင်ဆန်းသွင်(ခ) အောင်ဆန်း(၄၆)နှစ်မောင်းနှင်ပြီး မျိုးမင်းသိန်း(၄၇)နှစ်နှင့် ခင်ဇော်အောင် (၂၉)နှစ်တို့ လိုက်ပါလာသည့် SUCCEED မော်တော်ယာဉ် တို့ကို သတင်းအရရှာဖွေရာ CHANA ၆ ဘီးယာဉ်ပေါ် တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၇၇ တုံး၊ အလေးချိန် ၉၆ ဒသမ ၉၅ ကီလိုနှင့် ဘိန်းဖြူမှုန့် အလေးချိန် ၃၅ ကီလို၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၁၃၁ ဒသမ၉၅ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်စဉ်)