မော်လမြိုင် ၉ ဇူလိုင်
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကောင်ရေ(၁၂)သိန်းကျော် ကို ဩဂုတ်လ တတိယပတ်နှင့် စက်တင်ဘာလတတိယပတ်တို့တွင် မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်း လိုင်စင်တင်ထားသူများ အားလုံးကို ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ “ မွန်ပြည်နယ်အတွင်း ငါးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း တိုးတက် ကောင်းမွန် စေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်း မှတ်ပုံတင်ထားသူ ၁၁၄ ဦး၊ ဧက (၆၁၄.၅၉) အတွက် တစ်ဧကလျှင် လေးသောင်းနှုန်းနှင့်ညီမျှသော ငါးသားပေါက်ကောင်ရေ ၁၂၂၉၀၃၈ ကောင်ကို မြို့နယ်(၁၀)မြို့နယ်အား ရက်ခွဲပြီး အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း” ဒေါ်ဇင်မွန်မွန်စိုးထံမှ သိရသည်။
COVID-19 ကာလတွင် လုပ်ငန်းများစွာ ထိခိုက်မှုရှိသလို ငါးထုတ်လုပ်မှုရှိပြီး အခြား ကုန်ကျစရိတ်များခြင်းနှင့် ပြင်ပငါးဈေးကွက် ကျဆင်းမှုများကြောင့် တစ်ဖက်တစ်လမ်းမှငါးမွေးမြူသူ ငါးလုပ်ငန်းရှင်များအတွက် တတ်နိုင်သလောက်ထောက်ပံ့ခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
စမ်းစမ်းနွယ်


