မော်လမြိုင် နိုဝင်ဘာ ၃
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ်(၃/၂၀၂၁)နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်စေလို ကြောင်း၊ ကျေးရွာပိုင်မြေနေရာများ၌ ကျူးကျော်နေထိုင်မှုများအား ဥပဒေနှင့်အညီ တားဆီးအရေးယူ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကော်မတီများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးကြရန်၊ ပြည်သူများ၏ လိုအပ်ချက်များကိုလည်း အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန် မှာကြားသည်။
ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားချက်များ၊ လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုများကို တက်ရောက် ကြသည့် ကော်မတီဝင်များနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ အကြောင်းကြားလာသည့် ကိစ္စရပ်များ၊ မြေယာလျော်ကြေးငွေတွက်ချက်ခြင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားချက်များ၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)၊ (ခ) အရ လယ်ယာမြေကိုသတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုများအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


