နေပြည်တော်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့်  ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍  ဥပဒေအသိပညာပေးဟောပြော ပို့ချခဲ့ပြီး ပြည်နယ်ဥပဒေချုပ်က  မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရှိ စာကြည့်တိုက်သို့  ဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊  ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန  ပြည်နယ်ဦးစီးမှူးနှင့်  ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနမှ  အရာထမ်း၊ အမှုထမ်း (၄၉) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်