သံဖြူဇရပ်၊  ၂၅  ဒီဇင်ဘာ

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ၂၅ ရက် နံနက် ၁၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

လှူဒါန်းပွဲတွင် မိခင်ကြီး ဒေါ်ခင်မာကြည်အား အမှူးထား၍ ရန်ကုန်မြို့နေ ဗိုလ်မှူးသိန်းဖေ (ငြိမ်း)၊ ဒေါ်ယဉ်ချောဖြူ၊ သမီး မခင်စံပယ်ဖြူသိန်း (တော်ဝင်ဖြူကုမ္ပဏီ) မိသားစုမှ လျှပ်စစ်ခွဲစိတ်ဓားနှင့် သွေးကြောချည် ကိရိယာ (Diathamy) တစ်လုံး၊ အရေးပေါ်လူနာအား စောင့်ကြပ်ကြည့်ရှုသည့်စက် (Patient Monitor ) တစ်လုံး၊ ECG စက်တစ်လုံးနှင့် လေစုပ်သားဖွားကိရိယာ  (Electric Vaccum Extractor) စက်တစ်လုံး စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်နှင့် တာဝန်ရှိသူများထံ လှူဒါန်းခဲ့ကြသည်။

 

အေးအေးသီ(ပြန်/ဆက်)