သံဖြူဇရပ် ၂၃ နိုဝင်ဘာ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနတွင် လူမှုကူညီရေးပရဟိတအဖွဲ့ဝင်များ (RESCUE) များအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ရှေးဦးပြုစုခြင်း အပါအဝင် လူနာသယ်ဆောင်ခြင်း နည်းစနစ်များကို နိုဝင်ဘာ ၂၂ရက် နံနက် ၁၀ နာရီမှစတင်၍ ရက်သတ္တ တစ်ပတ်ကြာ လေ့ကျင့်သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်သင်ကြားရေးတွင် မြို့နယ်မီးသတ်ဦးစီး အရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းနှင့်အဖွဲ့မှ ရှာဖွေကယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ကြုံတွေ့ရမည့် အခြေအနေများ၊ အခက်အခဲဖြစ်ပေါ်မှုများကို ဉာဏ်ပညာအသုံးချ၍ ကယ်ဆယ်ရေး လုပ်ဆောင်မှု နည်းစနစ်များ၊ ရှေးဦးပြုစုခြင်းနှင့် လူနာသယ်ဆောင်ခြင်း ပညာရပ်များကို သင်ကြားပြသပြီး အဆိုပါ လေ့ကျင့်သင်ကြားရေးတွင် သံဖြူဇရပ်မြို့ စေတနာရှင်လူမှုကူညီရေး ပရဟိတအဖွဲ့မှ အမျိုးသား၊ အမျိုးသမီးအဖွဲ့ဝင်(၂၀) တို့ တက်ရောက်သင်ကြားကြောင်း သိရသည်။
ကျော်ဝင်း(သံဖြူဇရပ်)


