မော်လမြိုင် အောက်တိုဘာ ၂၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၂ ရက်က မော်လမြိုင်မြို့၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံပြီး “မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ မှိုက်သိမ်းမှုစနစ်များ၊ ဈေးများကိုလည်း ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေး၊ တင်ဒါလုပ်ငန်းများ၊ ဌာနတွင်းလုပ်ငန်းများကို တင်ဒါလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအင်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး” တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


