မော်လမြိုင် ဒီဇင်ဘာ ၁၁
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့် သမိုင်းဝင်ခေါင်းဆေးကျွန်း စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုရာတွင် သွားလာမှုလွယ်ကူ အဆင်ပြေ ချောမွေ့စေရေးအတွက် မော်လမြိုင်မြို့ မန္တလေးရပ်ကွက်ရှိ ခေါင်းဆေးကျွန်း ဆိပ်ခံတံတား တည်ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ဆိပ်ခံတံတားတည်ဆောက်ရေး တာဝန်ရှိသူတစ်ဦးက ခေါင်းဆေးကျွန်း ဆိပ်ခံတံတား ကွန်ကရစ်တံတား၊ Balley Bridge နှင့် ဆိပ်ခံဘော တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ်က ဆိပ်ခံတံတား ရေရှည်အသုံးပြုနိုင်ရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ခေါင်းဆေးကျွန်း ဆိပ်ခံတံတားကို မော်လမြိုင်မြို့နယ်အတွင်းရှိ ရေလမ်းခရီးဖြင့်သာ သွာလာရသော ကျွန်းပေါ်ကျေးရွာအုပ်စုများဖြစ်သည့် ကော့တွန်၊ ကော့စိန်၊ ကော့ပေါက် ကျေးရွာအုပ်စုများရှိ ဒေသခံများပါ ဆိပ်ခံတံတားအဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)