ကျိုက်ထို ၁၆ မေ
မွန်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာအေးဇံသည် မေ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါ၍ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်သုံးအိမ်စုကျေးရွာ၊ မြောက်ပိုင်းရပ်ကွက် ငယ်ဒိုးပိုင်း၊ တောင်ပိုင်းရပ်ကွက် ကန်ပက်လက်လမ်းရှိ ရေဂါလန် ၅၀၀၀ ဆံ့ ရေကန်၊ ကော့စံနိုင်ရပ်ကွက် အေးရိပ်ငြိမ် အရှေ့(၁)နှင့် (၂)တို့ရှိ ဂါလန် ၅၀၀၀ ဆံ့ ရေကန်များတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေအရင်းအမြစ်ရရှိမည့် နေရာများ၊ သောက်သုံးရေပေးဝေနေသည့် နေရာများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်းမော်(ပြန်/ဆက်)


