မော်လမြိုင် ဇွန် ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် Launching Meeting for “Mekong -Korea Cooperation Fund (5th MKCF)” Project ရှင်းလင်းပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံ အစည်းအဝေးခန်မ၌ ပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကား ပြောကြားပြီး မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်က နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်သီတာက “Mekong - Korea Cooperation Fund (5th MKCF)” အထောက်အပံ့ဖြင့် ပြုလုပ်သည့် “Impact of Migration on rural development with special emphasis on agriculture of Mon State Myanmar “Project အကြောင်းကို အသေးစိတ် ပြောကြားကာ စိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ဒေါ်ခင်လေးဆွေက ဖြည့်စွက်ရှင်းလင်းသည်။ ယင်းနောက် တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)