သထုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဇန်နဝါရီ ၂၅ ရက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံ စားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းများဖြင့် တာဝန်ရှိသူတို့က ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၂၈၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက် စသည့် အခြေခံစားသောက်ကုန်အမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းများဖြင့် စနစ်တကျ ရောင်းချပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


