ချောင်းဆုံ၊ ၃၀ ဇန်နဝါရီ
မွန်ပြည်နယ်၊ မော်လမြိင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူတို့၏ ကျန်းမာရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက် ကူညီနိုင်ရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းနှင့် ဆေးဝါးများအား ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ် (CBFQ) စခန်းနှင့် လူမှုရေးအသင်းအဖွဲ့ (၅) တို့အား ပိုးသတ်ဆေးရည်၊ ကာဘော်လစ်ဆီပိုးသတ်ဆေး၊ စပရေး၊ ဆပ်ပြာဆီ၊ ကျန်းမာရေးဖိနပ်၊ နှာခေါင်းစည်း(Mask)များ၊ လက်အိတ်၊ Medicine box၊ Vitamin C၊ အရက်ပြန်၊ Face Shield၊ ခေါင်းစွပ် စသည့် ကာကွယ်ရေးပစ္စည်း (၁၆) မျိုးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


