မော်လမြိုင် ဧပြီ ၁
၂၀၂၂ ခုနှစ် မွန်ပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၃၁ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် ကျင်းပရေး လုပ်ငန်းကော်မတီများက ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ကော်မတီဝင်များက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက အကြံပြုဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)


