မော်လမြိုင်        ဇွန်       ၁၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ပြန်ခဲ့သည်။

 

မော်လမြိုင်မြို့နယ်တွင် ဖြေဆိုသူ ၂၅၁၃ ဦး၌ အောင်မြင်သူ ၁၆၉၀ ရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၆၇ ဒသမ ၂၅ ရှိကြောင်း မြို့နယ်ပညာရေးမှူးမှ သိရှိရသည်။  မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်၀င်တန်း စာမေးပွဲကို ၁၁၂၁၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၆၄၁၄ ဦး အောင်မြင်ခဲ့ပြီး  ရာခိုင်နှုန်း အနေဖြင့် ၅၇ ဒသမ ၂၁ ရှိကြောင်း ပြည်နယ်ပညာရေးမှူးမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)