မော်လမြိုင် မေ ၂၁

 

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်း နှင့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ​ချစ်ကြည်​ရေး ​ခြေစမ်း​ဘောလုံးပြိုင်ပွဲကို ​မေ ၂၀ ရက်ရက် ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ​ရာမညအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်​ရောက်ကြည့်ရှု အားပေးခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံအား​ပေး နှုတ်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အသက်(၁၈)နှစ်​အောက် အမျိုးသားဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်​ငွေများကို လည်း​ကောင်း၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းက ကရင်ပြည်နယ် အသက်(၁၈)နှစ်​အောက် အမျိုးသား ​ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်​ငွေများ လည်း​ကောင်း ​ပေးအပ်ခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)