မော်လမြိုင် ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း အင်အား ၁၂၅၀ ကျော် ပါဝင်ဆင်နွှဲကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ဗဟိုလမ်းတစ်လျှောက်မှ ကမ်းနားလမ်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကမ်းနားလမ်း၌ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်းနှင့် Fitness Dance လှုပ်ရှားမှုများ ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
