မော်လမြိုင်  ၁၈  ဇွန်                              

 

မွန်ပြည်နယ်၌ မိုးစပါးချေးငွေနှင့် ဆောင်းရာသီ သီးနှံချေးငွေတွေကိုသာ ထုတ်ချေးပေးရာမှ ယခုနှစ် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ငွေကြေးအဆင်မပြေမှုတွေ ရှိတဲ့အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလ အထူးချေးငွေတွေကို ရာသီအလိုက်သီးနှံစိုက်ပျိုးကြတဲ့ တောင်သူတွေအတွက် ထုတ်ချေး ပေးသွားမှာ ဖြစ်ကြောင်း ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျော်စွာလှိုင် ထံမှသိရသည်။

 

mdn

 

ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးကျော်စွာလှိုင် က “ယခုထုတ်ချေး ပေးသွားမည့် ကိုဗစ်-၁၉ ကာလ အထူးချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ဝ နှုန်း ထုတ်ချေးပေးမှာဖြစ်ပြီး အများဆုံးလယ်(၁၀)ဧကအထိ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ အတိုးနှုန်းအနေဖြင့် ၅ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်အတွင်း ဧကပေါင်း(၂၈၇၇၀ဝ)အတွက် ငွေကျပ်သန်းပေါင်း (၁၄၃၈၅) သန်း လျာထား သတ်မှတ် ထားကြောင်း အထူးချေးငွေ၏ စည်းကမ်းချက်ကတော့ သတ်မှတ်ချိန်မှာ အကြွေးကျေသူ ဖြစ်ပြီး ပုံစံ(၇)ရှိရမှာဖြစ်ကြောင်း၊ အရင်ကစိုက်ပျိုးစရိတ်ချေးလျှင် သီးနှံကိုမူတည် ပြီးချေးရတာဖြစ်၍ ကိုဗစ်-၁၉ ကာလအထူးချေးငွေကတော့ မြေဧကကိုမူတည်၍ ချေးတာဖြစ်ကြောင်း ချေးငွေသက်တမ်း အနေဖြင့် တစ်နှစ်သတ်မှတ်သဖြင့် ဇွန်လမှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအကုန်အထိ တောင်သူတွေ အနေနှင့် သုံးစွဲခွင့်ရှိကြောင်း စက်တင်ဘာလ ကျော်လွန်သွားပါက ဒဏ်ကြေးဆောင်ရမှာဖြစ်ကြောင်း ယခုချေးငွေသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထုတ်ချေးပေးတာဖြစ်ကြောင်း ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်ထံမှ သိရသည်။

             

ပြည်နယ်(ပြန်/ဆက်)