မော်လမြိုင်၊    ဇန်နဝါရီ

 

မွန်ပြည်နယ်မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှမင်းဇော်၊ မွန်ပြည်နယ် ငါးလုပ်ငန်းကော်မတီဝင်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့သည် ဇန်နဝါရီ ရက်က သံလွင်မြစ်တစ်လျှောက် တင်ဒါကျားပိုက်၊ တင်ဒါဆွဲပိုက် ငါးဖမ်းသည့်နေရာများနှင့် မျှောပိုက်ငါးဖမ်းလုပ်ကိုင်သူများအား လိုင်စင်ရှိမရှိ စစ်ဆေးခဲ့ပြီး ငါးဖမ်းလုပ်ကိုင်သူများအနေဖြင့် တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်းမပြုရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

MDN