မော်လမြိုင် မတ် ၃၀
မွန်ပြည်နယ်၌ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ မတ် ၂၉ ရက်က ကျင်းပရာ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မွန်ပြည်နယ်ရှိ ရုပ်ရှင်ရုံပိုင်ရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


