သထုံ ၉ ဩဂုတ်

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြစ်ရေကို ဆားချောင်းသို့ လျှပ်စစ်မြစ်ရေတင် စနစ်ဖြင့် ဖြည့်သွင်းဆောင်ရွက်ပေးမည့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာတာတမံ၌ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

လိုက်လံစစ်ဆေးရာတွင် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးမြောက်ရေးနှင့် လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

 

ယင်းနောက် ဒေသခံတောင်သူအချို့နှင့်တွေ့ဆုံရာတွင် မြစ်ရေတင်လုပ်ငန်းနှင့်ပတ်သတ်၍ တောင်သူများအကျိုးဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေရရှိပါက မိုးစပါးအောင်ရေအပြင် နွေစပါးနှင့် ဆောင်းသီးနှံမျိုးစုံကိုပါ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သထုံမြို့နယ်တဝှမ်းရှိ စိုက်ဧကများစွာအတွက် အကျိုးပြုနိုင်မည်ဟုလည်း မျှော်မှန်းပါကြောင်း ရှင်းလင်းပြောကြားကာ တောင်သူတို့၏ လိုအပ်ချက်များကိုမေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

သက်ဦး(သထုံ)

 

mdn