မော်လမြိုင် ၁၀ ဇူလိုင်          

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့်အဖွဲ့သည် မော်လမြိုင်ရှိ Quarantine Centre များတွင်  Quarantine  ဝင်ရောက်နေသူများ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်  ယနေ့ နံနက် ၁၀ နာရီတွင် Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Quarantine ဝင်နေသူများ၏ တည်းခိုဆောင်များ၊ အစားအသောက် ချက်ပြုတ်နေသောနေရာများသို့ သွားရောက်၍အစားအသောက်များ အဆင်ပြေစေရေးအတွက် စစ်ဆေးခြင်းလိုအပ်ချက်များမှာကြားခြင်းနှင့် ဖြည့်ဆည်းပေးရန်ရှိသည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် (Community Based Facility Quarantine) ထားရှိသော Quarantine Centre များ (၅) ခုရှိပြီး လက်ရှိ Quarantine ဝင်ရောက်နေသူ (၁၄၀၀) ခန့်ရှိကြောင်းနှင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (Community Based Facility Quarantine) တွင် ကူညီဆောင်ရွက်ပေးနေသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

စမ်းစမ်းနွယ်