မုဒုံ   ၂၈   မေ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ မိုးကုတ်ဝိပသနာတရားစခန်း၌ နေရပ်ပြန်ပြည်သူများ ထားရှိမည့် ကန့်သတ်သွားလာရေးစခန်းနေရာသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိပြီး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

‌ေ

 

မုဒုံမြို့နယ်တွင် အဆိုပါနေရာသည် ဒုတိယအကြိမ် ကန့်သတ်သွားလာရေးစခန်းအဖြစ် ထားရှိမည်ဖြစ်ပြီး နေရပ်ပြန်ပြည်သူ (၂၀ဝ)ဦး ထားရှိမည်ဖြစ်ကြောင်း၊ ထိုနေရပ်ပြန်ပြည်သူ (၂၀ဝ)ဦးတို့သည် ပထမအကြိမ် ကျန်းမာရေးစစ်ဆေးထားပြီး နောက်(၁၀)ရက်အကြာတွင် ဒုတိယအကြိမ် ကျန်းမာရေးထပ်မံစစ်ဆေးမည်ဖြစ်ကြေင်း၊ ကျန်းမာရေးကောင်းမွန်သူများကို (၂၁)ရက်ကြာနေထိုင်ပြီး ကျန်(၇)ရက်ကို Home Quarantine နေရမည်ဖြစ်ကြောင်း သိရသည်။ 

 

‌ေ

 

အဆိုပါနေရာ၌ အသုံးပြုနိုင်ရန် အဝတ်နှာခေါင်းစည်းအခုရေ (၄၀ဝ)၊ လက်သန့်ဆေးရည် Hand Rub (၂၀ဝ)ဘူးတို့ကို မေတ္တာစံအိမ် (Day Care Family) အသင်းမှ ပေးအပ်လှူဒါန်း၍ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)