mdn

 

ချောင်းဆုံ    ဩဂုတ်        ၂၃
    
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်တာဝန်ရှိသူများသည် ဩဂုတ် (၂၃)ရက် နံနက်က ချောင်းဆုံမြို့နယ် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ပျိုးထာရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
    
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် တော်စွန်းကျေးရွာရှိ တောင်သူ ဦးမောင်ဝင်း ၏ စိုက်ခင်းအားသွားရောက်ကြည့်ရှုပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက ချောင်းဆုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုး ထားရှိမှုအခြေအနေကိုရှင်လင်းတင်ပြသည်။ ထိုနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ လိုအပ်ချက်များအား ပေါင်းစည်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြသည်။ 
ဆက်လက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ဒေသခံတစ်ဦးက ကျေးရွတွင်လိုအပ်နေသည့် ကုန်ထုတ်လမ်းပေါ်ရှိ တံတား(၃)စင်တည်ဆောက် ပေးရန် တင်ပြရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
    
မွန်ပြည်နယ်အနေဖြင့် ၂၀၂၁ခုနှစ် မိုးစပါး သီနှံ(၆၈၅၁၀၈)ဧကစိုက်ပျိုးရန် ရည်မှန်းထားပြီး ဩဂုတ်လ (တတိယ)ပတ်အထိ (၆၁၈၃၇၆)ဧက စိုက်ပျိုးနိုင်ခဲ့ရာ (၉၀.၂၆)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ ယခင်နှစ်စိုက်ဧက (၅၆၅၆၆၂)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုနှစ်သည် ယခင်နှစ်ထက်(၅၃၇၁၄)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ရာသီကုန်အထိ ယခုနှစ်အတွင်း စိုက်ပျိုးဧကလျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက(၆၅၃၇၆)ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ (၆၅၂၁၁)ဧကစိုက်ပိုးနိုင်ခဲ့၍ ရာခိုင်နှုန်းအားဖြင့် (၉၉.၇၅)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)