မုဒုံ အောက်တိုဘာ ၈

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့ နံနက် ၈ နာရီက ရပ်ကွက်/ကျေးရွာများ၌ ကွင်းဆင်းကောက်ယူလျက်ရှိရာ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့မ (၄)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျ မေးမြန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့သည်။ ဆက်လက်၍ ပြည်သူများမှလည်း မေးမြန်းချက်များကို ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးကြရန်နှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

မုဒုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ (၄၂)ခုမှ ကောက်ကွက်ပေါင်း (၂၆၆)ကွက်၌ စာရင်းစစ် (၂၂) ဦး၊ စာရင်းကောက် (၈၂)ဦးတို့က အဖွဲ့များခွဲကာ CAPI နည်းပညာဖြင့် Tablet အသုံးပြုကောက်ယူ၍ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကောက်ကွက်ပေါင်း (၁၂၄)ကွက်ကို ကောက်ယူပြီစီးပြီးဖြစ်ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)