မော်လမြိုင်၊   ၂၆   ဒီဇင်ဘာ

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ရေးမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်၊၊

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော့ကနင် - ဘရောင်း - ဘဲလမုကျေးရွာ ကျောက်ခင်းလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းအခြေအနေ စစ်ဆေးခြင်းနှင့် ကော့ဒွတ်ကျေးရွာအုပ်စု ကော့ဒွတ်ကူးတို့ဆိပ် ဆိပ်ကမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်သည် လမိုင်းမြို့  နယ်မြေမီးသတ်စခန်းအသစ် တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး သံဖြူဇရပ်မြို့နယ် အောက်ငှက်ပျော်တော - ဝဲဝန်း - အနင်း ကျေးရွာချင်းဆက်လမ်း မြေသားဖို့ခြင်း၊ မြေသားဖြန့်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်၊၊

 

(ခရိုင် ပြန်/ဆက်)