မော်လမြိုင်       ၇  အောက်တိုဘာ

 

မွန်ပြည်နယ် e- Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ရုံးသုံးအခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၁၉)၊ (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်သား/သူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “မွန်ပြည်နယ်အ တွင်း e-Government  လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် ရုံးသုံး အခြေခံကွန်ပျူတာ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ဌာနဆိုင်ရာများအနေဖြင့် e- Government ဆိုင်ရာ ICT (Information and Communication Technology) နည်းပညာ ဗဟုသုတများကို သိရှိနားလည်စေရန် ရည်ရွယ်၍ e- Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့ ရုံးသုံးအခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ် (၁/၂၀၁၉)နှင့် (၂/၂၀၁၉)တို့အား ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် သင်တန်းမှ ရရှိလာသော သင်ခန်းစာများ၊ ဗဟုသုတများ၊ နည်းပညာကျွမ်းကျင်မှုများကို မိမိတို့ဌာနတွင် ပြန်လည် ပေးပို့ သင်ကြားပေးစေလိုပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်၏အကျိုး၊ ပြည်သူ့အကျိုး၊ မိမိတို့ဌာနအကျိုး ဖြစ်ထွန်းစေရေး ကြိုးစားသင်ယူ လေ့လာကြရန်လိုအပ်ကြောင်း” ပြောကြားသည်။

 

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(သထုံ) ကျောင်းအုပ်ကြီး ဒေါက်တာ နီလာသိန်းမှ ရုံးသုံး အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ ရုံးသုံး အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/ ၂၀၁၉) နှင့် (၂/ ၂၀၁၉) ကို အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁) ကို နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီ အထိလည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ လည်းကောင်း ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သူ (၆၀) အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)