မော်လမြိုင် မေ ၁၇

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

 ဦးစွာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ခြံပိုင်ရှင် ဦးညီစိုး‌ဝေ၏ ရော်ဘာအခြေခံဘက်စုံ စံပြစိုက်ခင်းသို့ ရောက်ရှိပြီး ရော်ဘာအပါအဝင် သီးနှံခြောက်မျိုးဖြစ်သည့် ကိုကိုး၊ သရက်၊ ပိန္နဲ၊ အုန်း၊ ဒူးရင်းပင်များ စီးပွားဖြစ် စိုက်ပျိုး‌အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ပအိုဝ်း အမျိုးသားဗိမာန်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သထုံမြို့နယ် ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် သထုံမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံ ရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သထုံ-မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေမှု အခြေအနေများကို သထုံဘူတာမှ ရင်းငြိမ်ဘူတာသို့ RBE.2524 ရထားဖြင့် ရထားလမ်းပိုင်းတစ်လျှောက်လိုက်ပါ၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)