မော်လမြိုင် ဖေဖော်ဝါရီ ၂၃
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်ကြောင်း၊ အထိမ်းအမှတ် အခမ်းအနားအပြင် မွန်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် အသေးစား / အငယ်စား/ အလတ်စားထုတ်ကုန် အရောင်းပြခန်း ထည့်သွင်း ပြသသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ပါဝင်ပြသနိုင်ရေးနှင့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီဝင်များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


