မုဒုံ ၂၂ ဖေဖော်ဝါရီ
မွန်ပြည်နယ်မုဒုံမြို့စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့မှကြီးမှုးကျင်းပသော ဓမ္မစာရိယနှင့် (၆၂)ကြိမ်မြောက် ပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကိုသာသနာတော်နှစ်၂၅၆၃ခု၊ ကောဇာသက္ကရာဇ်၁၃၈၁ခုနှစ်၊ တပို့တွဲလကွယ်ခရစ်နှစ် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ၂၂ရက်နေ့ မုဒုံမြို့နယ် က္ကုစ္ဆာသယသာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကိုနမောတသ(၃)ကြိမ်ရွတ်ဆိုကန်တော့၍အခမ်းနားဖွင့်လှစ်ပြီး ဆရာတော် အရှင်မြတ်တို့ထံမှ ငါးပါးသီလနှင့်သြဝါဒများခံယူကြသည်။ ထို့နောက်မုဒုံမြို့နယ် သံဃနာယကဥက္ကဌ ဂျုံးဂျုံးကျတောရကျောင်းဆရာတော် ဥူးကိတ္တိဝဏ္ဏနှင့်သာသနာဓဇဓမ္မစရိယဘွဲ့ရသံဖြူဇရပ်မြို့နယ် ပငကျေးရွာ ကျောင်းကြီးကျောင်းဟောင်းမှ အရှင်သုမနတို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းတို့မှ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဝန်ကြီးချုပ်ဒေါက်တာအေးဇံမှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီးစာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့ကိုယ်စားဥက္ကဌဦးအောင်ထွန်းလှိုင်မှစာအောင်ဆုနှင်းသဘင်ပွဲကျင်းပပြုလုပ်နိုင်မှုနှင့်ပတ်သက်၍ကျေးဇူတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရသံဃာ၁၂ပါး၊ ဓမ္မာစရိယတန်းကျမ်းစွဲအောင် သံဃာ၁၂ပါး၊ ပထမ(ကြီး/လတ်/ငယ်)နှင့် အခြေပြုမူလတန်းအောင်သံဃာ၃၂၁ပါး၊ စုစုပေါင်းစာအောင် သံဃာ၃၄၅ပါး၊ သာသနာဓဇဓမ္မာစရိယဘွဲ့ရသီလရှင် ၁ ပါးနှင့် ဓမ္မာစရိယတန်းကျမ်းစွဲအောင်သီလရှင်၃ပါး၊ ပထမ (ကြီး/လတ်)နှင့် အခြေပြုမူလတန်းအောင်သီလရှင်၅ပါး၊ စုစုပေါင်းစာအောင်သီလရှင်၉ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အောင်သင်တန်းသား/သူများ၄၉ဦးတို့ကို တာဝန်ရှိသူများကဘွဲ့၊ ဂုဏ်ပြုအောင်လက်မှတ်များ ဆက်ကပ်ပေးအပ်ပြီး ဗုဒ္ဓသါသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကာ တက်ရောက် သူများမှ သံဃာတော်များအား ဆွမ်းဆန်လောင်းလှူကြကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)



