မင်းဘူး  ၂၇  ဇန်နဝါရီ

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်း မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း စုပေါင်း ပုဂ္ဂလိက မှန်လုံယာဉ်အသင်း(မင်းဘူး) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

“မင်းဘူး-ရွှေစက်တော် ခရီးစဉ်နဲ့ မန်းရွှေစက်တော် တောင်ပေါ်-တောင်အောက် ယာဉ်လိုင်းကို ကျွန်တော်တို့ အသင်းက မော်တော်ယာဉ် (၅၈) စီး အသုံးပြုပြီး နေ့စဉ်အလှည့်ကျ ပြေးဆွဲသွားမှာဖြစ်ပါတယ်၊ ယာဉ်စီးခအနေနဲ့ မင်းဘူး-ရွှေစက်တော် ခရီးစဉ်ကို ခရီးသည် တစ်ဦးလျှင် ယာဉ်စီးခ ၂၅၀ဝ ကျပ် သတ်မှတ်ထားပြီး တောင်ပေါ်-တောင်အောက် ခရီးစဉ်အတွက်  ခရီးသည် တစ်ဦးလျှင် ၅၀ဝ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် မိသားစု၊ သူငယ်ချင်းများနဲ့ သီးသန့်သွားချင်တဲ့ ခရီးသည်တွေအနေနဲ့ ကားစီးလုံးငှားရမ်းလိုပါက မင်းဘူးမြို့မှ မန်းရွှေစက်တော်ခရီးစဉ် တစ်ကြောင်းစာအတွက် (၃၅၀ဝ၀) ကျပ်ဖြင့် ငှားရမ်းနိုင်ပါတယ်” ဟု စုပေါင်းပုဂ္ဂလိက မှန်လုံယာဉ် အသင်းအဖွဲ့ဝင် ဦးခင်မောင်ညွန့်က ပြောပြသည်။

 

အဆိုပါ မော်တော်ယာဉ်လိုင်းဂိတ်သည် မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ်အနီးတွင် တည်ရှိပြီး မင်းဘူးမြို့မှ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၅ နာရီထိလည်းကောင်း၊ မန်းရွှေစက်တော်ဘုရားမှ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး ပြန်/ဆက်)