ငဖဲ နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးတွင် နှစ်ကျိပ်ရှစ်ဆူစေတီ အနီး မှ ကိုးခန်းကြီးဘုရားကြီးအထိ တည်ဆောက်လျက်ရှိသည့် ဓာတ်လှေကားတာဝါနှင့် Sky Walk WayBridge တည်ဆောက်ရေးလုပ်ငန်းကို Kyaw Tharကုမ္မဏီက ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်း ၏ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားတည်ဆောက်ရေးစီမံကိန်း မန်နေဂျာ ဦးသန်းလွင် ထံမှသိရသည်။

“ကျွန်တော်တို့ ဓာတ်လှေကားတာဝါတည်ဆောက်ရေးအနေနဲ့ ယခုလက်ရှိမှာ Lift Tower ၁၉မီတာ Level ကွန်ကရစ်လောင်းဖို့ပြင်ဆင်နေပါတယ်။လျှောက်လမ်းအနေနဲ့ Span Potion ၂ခု ပြီးစီး ပါပြီ။ ပြီးတဲ့အခါတိုင်ထောင်၊ဒိုင်းတင်၊မျှားတန်းကျဲတဲ့အလုပ်ကိုလုပ်နေပါတယ်။Potion -2 က လက်ဝဲပိုင်း လောင်း ပြီးလို့ ၂၉.၇၈ Level ရောက်လာတဲ့အချိန်မှာ ဆက်လောင်းမှာဖြစ်ပါတယ်။လျှောက်လမ်းမှာ Potion -1 ၁ခုကျန်နေပါတယ်။ဓါတ်လှေကားကတော့ အထက်မှာလျှောက်လမ်းအထိ ၂၉.၇၈ Level ဆက်လောင်းဖို့ ကျန်နေပါသေးတယ်။ တည်ဆောက်ရေးလုပ်ငန်းက လုပ်ငန်းအားလုံး ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်” ဟုတည်ဆောက်ရေးစီမံကိန်းမန်နေဂျာ ဦးသန်းလွင်က ပြောကြားသည်။

အဆိုပါဓါတ်လှေကားတာဝါကို အလျား ပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊လျှောက်လမ်းအကျယ် ၁၂ ပေဖြင့် Kyaw Tharကုမ္မဏီက ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး ယနေ့ထိလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်း မန်းရွှေစက်တော် ဘုရားပွဲတော်မကျင်းပမီကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)