မင်းဘူး ၉ မတ်

           

မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ဘုရားပွဲတော်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲ ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား လျက်ရှိရာ တပေါင်းလပြည့်နေ့ အပါအဝင် ရုံးပိတ်ရက် ကာလအတွင်း ဝန်ထမ်းများနှင့် ဘုရားဖူး ခရီးသွား ပြည်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။

 

308

 

ကျွန်မက ရေနံချောင်းမြို့က ကျောင်းဆရာမတစ်ဉီးပါ၊ အခုလို ကျောင်းပိတ်ရက်မှာ မိသားစုနဲ့အတူ သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကို ဘုရားဖူးလာတာပါ၊ ရုံးပိတ်ရက်(၃)ရက် ဖြစ်တာကြောင့် လာဖြစ်တာပါ၊ ဒီလို တပေါင်းလပြည့်နေ့ကို တစ်ခါမှမကြုံဖူးဘူး၊ နံနက်ဘုရားမှာ အာရုံဆွမ်း၊ သစ်သီးဆွမ်း ကပ်လှူပါတယ်၊ ဘုရားပွဲမှာ လူတွေအရမ်းများပြား စည်ကားနေတာတွေ့ရလို့လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်၊ မန်းချောင်းရေချိုးရတာလည်း ပျော်စရာလည်း ကောင်းပါတယ် ဟု ကျောင်းဆရာမ ဒေါ်မိုးမိုးအောင်က ပြောသည်။

 

308

 

ကျွန်တော်တို့ အခုလို ရုံးပိတ်ရက်မှာ အိမ်နားနီးချင်းတွေနဲ့အတူ ဘုရားဖူးထွက်လာကြတာပါ၊ ကလေးတွေလည်း ကျောင်းပိတ်သွားပြီဆိုတော့ အိမ်နားက မိသားစုတွေစုပြီး လာကြတာပါ၊ ဒီနေ့ တပေါင်းလပြည့်နေ့ ဖြစ်တဲ့အတွက် ရွှေစက်တော်မှာ ဘုရားဖူးလာကြသူတွေနဲ့ အရမ်းစည်ကား နေပါတယ် ဟု အထက်မင်းလှမြို့မှ ဉီးအောင်ကျော်လင်း(ဂျပန်ကြီး)” က ပြောသည်။

 

100845

 

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်အထိ ရက်ပေါင်း ၈၀ ရက်တိုင်အောင် ကျင်းပလျက်ရှိပြီး တပေါင်းလပြည့်နေ့ အပါအဝင် ရုံးပိတ်ရက်ကာလ တို့တွင် မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားအပါအဝင် စက္ကိန္တဲဘုရားနှင့် နဂါးပွက်တောင်တော်တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ  ဘုရာဖူးလာပြည်သူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး) (ပြန်/ဆက်)

 

1013