မန္တလေး ၄ ဇန်နဝါရီ
မန္တလေးမြို့ မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများအတွက် သက်မွေးသင်တန်းကျောင်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်မွေးသင်တန်းကျောင်းကို ICRC နှင့် မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပြီး သင်တန်းကျောင်းမှာ နှစ်ထပ်ကျောင်းဆောင်တစ်ခုဖြစ်ကာ အကျဉ်းသားများအနေဖြင့် လက်တွေ့ကျသည့် ပညာရပ်များဖြစ်သော စက်မှုပညာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် သံဂဟေဆက်ပညာရပ်များကို ဆည်းပူးနိုင်မည်ဟု သိရသည်။
"တည်ဆောက်တာက သြဂုတ်လက တည်ဆောက်တယ်။ ဒီဇင်ဘာလထဲမှာ ပြီးစီးတယ်။ အကျဉ်းသားတွေကို ထောက်ခံချက်ပေးထားမဲ့ ဒီလိုမျိုးအတတ်ပညာဆိုင်ရာ သင်တန်းတွေ ပေးခြင်းအားဖြင့် နောင်တစ်ချိန် အကျဉ်းထောင်ကနေ လွတ်မြောက်တဲ့အခါ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘဝကို ပြန်လည်တည်ဆောက်ရေးအတွက် အလားအလာတွေ ပိုရနိုင်တာပေါ့ " ဟု မန္တလေးဗဟိုအကျဉ်းထောင် ထောင်ပိုင်ကြီး ဦးချိူဝင်းထွန်းကပြောသည်။
အဆိုပါ သင်တန်းကျောင်းသည် ၈၇၅ စတုရန်းမီတာရှိပြီး ငွေကျပ် ၂ ဒသမ ၃ သန်းခန့် ကုန်ကျကြောင်း သိရသည်။
သင်တန်းကျောင်း ဆောက်လုပ်ရန်အတွက် စီမံကိန်း၏ ဒီဇိုင်းပုံစံကို ၂၀၁၇ ခုနှစ်က စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ( ICRC ) က သတင်းထုတ်ပြန်သည်။
သူရိန်လင်း