နေပြည်တော် ဧပြီ ၁၇
၁၃၈၂ ခုနှစ် မြန်မာနှစ်ဆန်း၁ရက်နေ့ နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ မြန်မာနိုင်ငံဒေသအသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသားများအား လွှတ်ပေး လျက်ရှိရာ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၂၉၃ ဦးနှင့် အကျဉ်းသူ ၂၅၈ဦး စုစုပေါင်း ၁၅၅၁ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၈ ဦး၊ နိုင်ငံခြားသားအကျဉ်းသူ ၁ဦး စုစုပေါင်း ၁၉ဦးအား ယနေ့တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရသူများ အပြန်ခရီးတွင် စားသောက်နိုင်ရန် အစားအစာနှင့် ရေတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လာရောက်လှူဒါန်းကြပြီး အကျဉ်းဦးစီးဌာနက ၄င်းတို့ရရှိ မည့် အကျိုးခံစားခွင့် လမ်းစရိတ်နှင့် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို ထုတ်ပေးခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေချိန်ဖြစ်၍ မော်တော်ယာဉ်လိုင်းများ ဝင်ထွက် ခွင့်ကို ပိတ်ပင်ထားရာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများကို မြို့နယ်အလိုက် စုရပ်တစ် နေရာတွင် စုစည်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းအဖွဲ့ ဖွဲ့စည်းပြီး နေရပ်ဒေသများသို့ပို့ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။
အေးမြ(မန္တလေး)