မန္တလေး ဂေါဝိန်ဆိပ်ကမ်း ကုန်စည်တင်ပို့မှု များပြားလာပြီး ကုန်ထမ်းလုပ်သားများ အဆင်ပြေ

မန္တလေး ၁၇ မေ

 

မန္တလေးမြို့သို့ ကုန်စည်များ သယ်ယူပို့ဆောင်မှုတွင် ရေလမ်းဖြင့် မြန်မာနိုင်ငံ နေရာအနှံအပြားသို့ ကုန်စည်များကို တင်ပို့လေ့ရှိရာ ဂေါဝိန်ဆိပ်၊ ချော်ဆိပ်၊ ပေပင်ဆိပ်၊ မရမ်းခြံဆိပ် နှင့် အခြား ကုန်တင် ဆိပ်ကမ်းများအပါအဝင် ဒေသအလိုက် ကုန်ပစ္စည်းအလိုက် တင်ပို့လေ့ရှိသည်။ လက်ရှိကာလ ကန့်သတ်မှုအချို့ ဖြေလျော့လာချိန် ကုန်စည်စီးဆင်းမှုများပြား လာသည့်အတွက် ကုန်တင် ကုန်ချလုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း မန္တလေးမြို့ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်မှ ကုန်ထမ်းလုပ်သားတစ်ဦးက ပြောပြသည်။

 

ဧရာဝတီ မြစ်ဆိပ်ကမ်းများတွင် ဂေါဝိန်ဆိပ်သည် လူသုံးကုန် ပစ္စည်းများစွာကို အားထားသယ်ဆောင်သော ဆိပ်ကမ်းဖြစ်ပြီး လက်ရှိကာလတွင် ဆန်၊ စားသုံးကုန်များ၊ ကုန်မာများနှင့် အခြားကုန်စည်များ တင်ပို့မှုများပြားလာသည်။       မန္တလေးမြို့  ဧရာဝတီမြစ် ဆိပ်ကမ်းများသည် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးလေ့ရှိသည်။ လက်ရှိကာလ အလုပ်လှိုင်ချိန်တွင် ကုန်ထမ်းလုပ်သားတစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် အထိရရှိသည်။        

 

mdn

 

ဧရာဝတီ မြစ်ရေကျချိန်တွင် ကုန်ကားများ အောက်ထဲအထိဆင်းကာ သင်္ဘောနှင့် အနီးဆုံးနေရာတွင် ရပ်ထားပေးနိုင်မှုကြောင့် ကုန်စည်အတင်အချ လျှင်မြန်လျက်ရှိသည်။ လက်ရှိကုန်တင်ပို့မှုတွင် ဆန်တင်ပို့မှုများပြားနေပြီး ဂေါဝိန်ဆိပ်မှ သင်္ဘောများသည်  အထက်ပိုင်းဗန်းမော်၊ ကသာနှင့် အောက်ပိုင်း ကလေး၊ တမူးအထိ ကုန်စည်များကို သယ်ယူပို့ဆောင် ပေးလျက်ရှိသည်။    

 

တိမ်တမန်