မန္တလေး ၂၄ စက်တင်ဘာ  

 

မန္တလေးမြို့ ၂၆ လမ်း၊ ၇၅ လမ်း နှင့် ၇၆ လမ်းကြားရှိ ကျုံးလက်ရန်းပေါ်တွင် ထဘီနှင့် အဝတ်များလှန်း ပြုလုပ်သူများအား ခံဝန်ထိုး၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

ကျုံးလက်ရန်းပေါ်တွင် ထဘီ၊ စကပ် နှင့် အဝတ်များလှန်းသည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိသည့်အတွက် ပြုလုပ်သူများဖြစ်သည့် ဦးကိုကိုလတ် ပါ (၄) ဦးကို ဝန်ခံထိုး သတိပေးထားသည်။

 

"နောက်မလုပ်ဖို့ ခံဝန်ထိုးပြီး သတိပေးပြီးပါပြီ။ ဒီကိစ္စမှာ ချက်ချင်းသက်ဆိုင်တဲ့သူတွေက သတိပေးတာဆိုတော့ လုပ်လိမ့်မယ် မထင်ပါဘူးဗျ။" ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

8

 

ကျုံးတောင်ဘက်တွင် ပလက်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အကာအရန် စတီးလက်ရန်းများတပ်ခြင်းကို ဖေဖော်ဝါရီလထဲက ပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၄၀ဝ၀ အကုန်အကျခံက မန္တလေးမြို့ တော်စည်ပင် သာယာရေးကော်မတီကော်မတီက လုပ်ဆောင်ခြင်းဖြစ်သည်။

 

ကျုံးမြို့ရိုးတောင်ဘက်တွင် လုပ်ဆောင်မည့် မန်းသီတာဥယျာဉ်အတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၃၄၅၀ ရရှိခဲ့ပြီး ထိုမန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဘတ်ဂျက်များကို ကျုံးလက်ရန်းများ လဲလှယ်ခြင်းနှင့် ပလပ်ဖောင်းများအဆင့်မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

သူရိန်လင်း