အင်းတော်  ၁၈  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြအင်းသာလမ်းနှင့် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းဆုံရာ တရားမဝင် ရထားလမ်းကူးနေရာ မီးရထားလမ်း မိုင်တိုင် အမှတ် ၅၈၅/ ၂၀ နှင့် ၅၈၅/၂၁ ကြားတွင်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က မြစ်ကြီးနားမှ မန္တလေး သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ် DF – 1343 ( အစုန် ) ကုန်တင်ရထားနှင့် မြအင်းသာ လမ်းအတိုင်း မောင်းနှင်လာသော AD Van အမျိုးအစား (အဖြူရောင်) ယာဉ်နှင့် တိုက်မိ၍ ကားမှာ မီးရထားလမ်းအတိုင်း ပေ ၁၅၀ ခန့် လျှောတိုက်ပါသွားကြောင်း သိရသည်။

 

၎င်းတိုက်မိမှုကြောင့် မီးရထားမှာ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့်  ရထားနှင့် တိုက်မိသည့် ကားမှာ တိုက်မိမှုကြောင့် ယာဘက်ခြမ်း တံခါးပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရ သေဆုံးမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် မီးရထားလမ်း ပိတ်ဆို့မှုအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ လမ်းခရီး ပြတ်တောက် ပိတ်ဆို့မှုမရှိကြောင်း သတင်း ရရှိသည်။

 

ကျော်သီဟ

မြို့နယ် ပြန်/ဆက်