မန္တလေး ၄ အောက်တိုဘာ
မန္တလေး မဟာမုနိရုပ်ရှင်တော်သို့ လာရောက်သော ကမ္ဘာလှည့်ခရီးသွားများ များပြားလာသည့်အတွက် Torist information Center တစ်ခု ထပ်မံတည်ဆောက်နေပြီဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရသည်။
မဟာမုနိရုပ်ရှင်တော်သို့ တစ်ရက်လျှင် နိုင်ငံခြားသားဧည့်သည်ဦးရေ ၆၀ဝ ခန့် ပျမ်းမျှဝင်ရောက်နေပြီး လာမည့်ပွင့်လင်း ရာသီတွင် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု ပိုမိုများပြားလာနိုင်သည့်အတွက် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည် ။
"ခရီးသွားတွေက တဖြေးဖြေးတိုးလာတယ် ။ ပထမဆောက်လုပ်တဲ့ Center တစ်ခုတည်းနဲ့ မလုံလောပ်လို့ ထပ်မံတည်ဆောက်တာပါ ။ ခရီးသွားက တစ်ရက်ကို ၆၀ဝ လောက်ရှိလာတယ် ။ နောက်ပိုင်း ပွင့်လင်းရာသီမှာ ဥရောပက ခရီးသွားတွေလဲ ပိုများလာနိုင်တယ် ။ အဲ့တာတွေရောက်မလာခင်မှာ ခု Center ကို အချိန်မှီဆောက်ထားတာပါ ။ အောက်တိုဘာလကုန်ခါနီးလောက်ပြီးမယ် " ဟုဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။
နိုင်ငံခြားခရီးသွာများထံတွင် တစ်ဦးလျှင် ဝင်ကြေး ၅၀ဝ၀ ကျပ်နှုန်း ကောက်ခံကာ Tourist Information center အတွင်း toilet၊ Lockers များထားရှိပေးခြင်း၊ wet tissue များထားရှိပေးခြင်းစသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
မဟာမုနိရုပ်ရှင်တော်သို့ နိုင်ငံခြားသားဝင်ကြေးကောက်ခံမှုကို ဇူလိုင် ၁ ရက်မှစ၍ ကောက်ခံခဲ့ရာ ဇူလိုင်လအတွင်း နိုင်ငံခြားသားဦးရေ ၁၆၃၄၈ ဦးဝင်ရောက်ခဲ့ကာ ဝင်ကြေးငွေပမာဏ စုစုပေါင်း ငွေကျပ် ၈၁၇၄၀ဝဝဝ ရရှိခဲ့ပြီး ၊ ဩဂုတ်တွင် ခရီးသွားဦးရေ ၁၉၀ဝဝကျော် ဝင်ရောက်ခဲ့ပြီး ဝင်ကြေး ငွေကျပ် ၉၅၀ဝဝဝဝဝ ကျော် ကောက်ခံရရှိခဲ့သည်။
သူရိန်လင်း


