မတ္တရာ ၁၆ မေ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းတွင် မေ ၁၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်က ဆိုင်ကယ် တစ်စီးအရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေနံ့သာနယ်မြေစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၂၆/၂)နှင့် (၂၆/၃) ကြားတွင် တောင်ဘက်မှ မြောက်ဘက်သို့ မောင်ဌေး(၄၀)နှစ် မောင်းနှင်လာသော ဆိုင်ကယ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းအနောက်ဘက်သို့ ထိုးကျတိမ်းမှောက်နေပြီး မောင်ဌေးမှာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် မတ္တရာပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုအား ရေနံ့သာနယ်မြေစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)